• 09400777780, 09400777790
  • info@ilbc.edu.mm, recdept@ilbc.edu.mm
  • ILBC

    International School

Congratulations, Class of 2026! The future is yours to shape! 🎓💐✨️

ILBC Class of 2026 ဘွဲ့နှင်းသဘင်အခမ်းအနားကို ဧပြီလ (၂၃) ရက်နေ့က ဆီဒိုးနားဟိုတယ်အတွင်းမှာ ခမ်းနားစွာ ကျင်းပပြုလုပ်နိုင်ခဲ့ပါတယ်။ နိုင်ငံတကာက တက္ကသိုလ်အသီးသီးကို ဆက်လက်တက်ရောက်ပြီး အနာဂတ်ပညာရေးလမ်းကြောင်းပေါ် ခြေဆန့်လျှောက်လှမ်းကြမဲ့ ILBC ကျောင်းသူ၊ ကျောင်းသားတွေရဲ့ အောင်မြင်မှုကို ဂုဏ်ပြုရင်း၊ Day 1 မှ စပြီး ယခုအချိန်ထိတိုင်အောင် ပညာရေးလမ်းခရီး တစ်လျှောက်လုံးမှာ အဖက်ဖက်ကနေ လိုလေသေးမရှိအောင် ပံ့ပိုးပေးခဲ့ကြတဲ့ မိဘအုပ်ထိန်းသူ၊ ဆရာ၊ ဆရာမအားလုံးကိုလည်း ILBC မှ အထူးပင်ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။ အခမ်းအနားအတွင်းက ကျောင်းသူ၊ ကျောင်းသားတွေရဲ့ ဂုဏ်ယူဝမ်းမြောက်ဖွယ် ပုံရိပ်တွေနဲ့အတူ မိဘတွေ၊ ဆရာ၊ ဆရာမတွေရဲ့ ပီတိအဟုန်အပြည့်နဲ့ အမှတ်တရ အခိုက်အတန့်တွေကိုတော့ ILBC မိသားစုတစ်ခုလုံးရဲ့ အောင်မြင်မှုတစ်ရပ်အဖြစ် ဓာတ်ပုံတွေနဲ့တကွ ဖော်ပြပေးလိုက်ပါတယ်။
The ILBC Class of 2026 Graduation Ceremony was elegantly celebrated on April 23 at Sedona Hotel.
We proudly recognize our students as they take their next steps toward universities around the world. From Day 1 to this milestone, their journey has been guided by dedicated teachers and the constant support of parents and guardians. ILBC extends its heartfelt appreciation to all. These highlights reflect proud moments shared by students, parents, and teachers as a collective success of the entire ILBC family.
#ILBC_International_School #ILBC #International_School #GraduationCeremony #Classof2026